ကြည်ညိုဖူးမြော်လေ့လာရန်

သမိုင်းကြောင်း
သမိုင်းကြောင်း

ပုဂံပြည်ရှင် ထီးလှိုင်ရှင်ကျန်းစစ်သားမင်း၏ ကောင်းမှုတော်ဖြစ်သော အာနန္ဒာဘုရားသည် ပုဂံဘုရားများအနက် အလွန်တရာအချိုးအစားကျနလှပ တင့်တယ်၍ ချီးကြူးဖွယ်အကောင်းဆုံးသော ဘုရားတဆူဖြစ်သည်။

ဖူးမြော်လေ့လာရန်
ဖူးမြော်လေ့လာရန်

အာနန္ဒာဂူဘုရားကြီးသည် အောက်ခြေဖိနပ်တော်မှ ထီးတော်အထိ ဉာဏာ်တော်အမြင့် ၁၆၈ပေ ရှိသည်။ အလယ်မဏ္ဏိုင် ၏ ပတ်လည်၌ အတွင်းထပ် အပြင်ထပ် စင်္ကြန်လမ်း(၂)ထပ်ရှိသည်။ ပန္နက်ပုံမှာ ကြက်ခြေခတ် ပန္နက်ပုံ ကဲ့သို့ရှိသည်။

ပြုပြင်မွမ်းမံထိန်းသိမ်းမှု
ပြုပြင်မွမ်းမံထိန်းသိမ်းမှု

အာနန္ဒာစေတီတော်မြတ်ကြီးရှိ ဗိသုကာအနုလက်ရာ များကို အရှည်တည်တံ့အောင် ထိန်းသိမ်းမှုများနှင့် သဘာဝဘေးအန္တရယ်ကြောင့် ပျက်စီးမှုများကို ပြန်လည်ပြုပြင်မွမ်းမံမှုများကို ကြည့်ရှုလေ့လာနိုင်ပါသည်။

ဒေသနာတော်များ
ဒေသနာတော်များ

မြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့သော ဓမ္မပဒ ဒေသနာတော်များနှင့် ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ၏ ဓမ္မပဒသင်တန်း သင်္ခန်းစာများကို ဝင်ရောက်ကြည်ညို လေ့လာနိုင်ပါသည်။

အထွေထွေ
အထွေထွေ

အာနန္ဒာစေတီတော်မြတ်ကြီးနှင့် ပတ်သက်သည့် သတင်းဆောင်းပါးများ၊ လအလိုက် ပွဲတော်များနှင့် ဖူးမြော်ရန်လမ်းညွှန်မှုများကို ဝင်ရောက်ကြည်ညို လေ့လာနိုင်ပါသည်။

ဆက်သွယ်ရန်
ဆက်သွယ်ရန်

အာနန္ဒာစေတီတော်မြတ်ကြီး၏ ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့နှင့် ဆက်သွယ်လိုပါက ဖော်ပြပါ လိပ်စာနှင့် ဖုန်းနံပါတ်များအတိုင်း ဆက်သွယ်မေးမြန်း နိုင်ပါသည်။

ဗိသုကာအနုလက်ရာများ

အင်္ဂတေပန်း လက်ရာများ
အင်္ဂတေပန်း လက်ရာများ
သစ်သားပန်းပုလက်ရာ
သစ်သားပန်းပုလက်ရာ
ငါးရာငါးဆယ်ဇာတ်သရုပ်ဖော် ရုပ်ကြွများ
ငါးရာငါးဆယ်ဇာတ်သရုပ်ဖော် ရုပ်ကြွများ
စဉ့်ချပ်ရုပ်ကြွ လက်ရာများ
စဉ့်ချပ်ရုပ်ကြွ လက်ရာများ

သတင်းနှင့်ဆောင်းပါးများ

ပုဂံယဉ်ကျေးမှုဒေသမှဟိုတယ်များ ခရီးသွားရာသီတွင် ဝန်ဆောင်မှုကောင်းများပေးနိုင်ရန် ကြိုတင်ပြင်ဆင်ထား

ဒီဇင်ဘာ နှစ်သစ်ကူး ကာလနှင့် ပွဲတော်ကာလတွင် မြန်မာတို့၏ အသဲနှလုံးဖြစ်သော ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေရှိ ဟိုတယ်များသည် ပြည်တွင်း၊ ပြည်ပ ခရီး သွားတို့အား ဝန်ဆောင်မှုကောင်းများ ပေးနိုင်ရန် အပြိုင်အဆိုင် ကြိုတင်ပြင်ဆင်လျက်ရှိ ကြောင်းသိရသည်။

အာနန္ဒာဘုရားကြီး၏ (၉၄၈)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပမည်

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံမြို့ဟောင်းရှိ အာနန္ဒာဘုရားကြီး၏ (၉၄၈)ကြိမ်မြောက် ဗုဒ္ဓပူဇနိယ ပွဲတော်အား ၁၃၈၀ ခုနှစ် ပြာသိုလဆန်း(၈)ရက် ဇန်နဝါရီ ၁၃ ရက်မှ ဖေဖော်ဝါရီ ၄ ရက်အထိ စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း အာနန္ဒာဘုရားဂေါပက ဥက္ကဋ္ဌ ဦးမျိုးညွန့်ကပြောပြသည်။