ဘုရားကြီး၏ စဉ့်အတတ်ပညာမှာ ဘုရားလောင်း၏ ဇတကဖြစ်စဉ် (၅၅၀)ကို အပြည့်အစုံဖော်ပြပြီး အထက်ပစ္စယံအဆင့်ဆင့် မှန်ကူကွက်များတွင် ထည့်သွင်း ပူဇော်ထားသည်။ ဖိနပ်တော်အထက် မှန်ကူကွက်များတွင် ဗောဓိပင်နှင့် ရွှေပလ္လင်အောင်မြင်ပြီးနောက် မာရ်နတ်စစ်သည်တို့က လာရောက်တိုက်ခိုက်နေဟန်ကို အနောက်ဘက်ခြမ်းတွင်လည်းကောင်း မြတ်စွာဘုရားအား ပူဇော်သက္ကာရ ပြုရန် သိကြား၊ ဗြဟ္မာ၊နတ်ဒေဝါများက ပူဇော်လာဟန်တို့ကို အရှေ့ဘက်ခြမ်းတွင်လည်းကောင်း ထည့်သွင်း၍ သရုပ်ဖော် ပူဇော်ထားရှိပါသည်။

  • ဘုရားကြီး၏ ပန္နက်ပုံကို တောင်မြောက်ဗဟိုမျဉ်းဆွဲ၍ မြေညီထပ်၏ ဖိနပ်တော်အထက် မှန်ကူကွက်တွင် အနောက်ဘက်ခြမ်း၌ မြတ်စွာဘုရားအား တိုက်ခိုက်ရန်ချီတက်လာသော မာရ်နတ်စစ်သည်တော်များ စဉ့်ချပ်ရုပ်ကြွ (၂၇၆)ချပ်၊
  • မြေညီထပ်၏ ဖိနပ်တော်အထက် မှန်ကူကွက်တွင် ရှေ့ဘက်ခြမ်း၌ မြတ်စွာဘုရားအား ပူဇော်သက္ကာရပြုရန် ကြွရောက်လာကြသည့် သိကြား ၊ ဗြဟ္မာ၊နတ်ဒေဝါများ စဉ့်ချပ်ရုပ်ကြွ (၂၇၆)ချပ်
  • အာရုံခံ အမိုးပစ္စယံအဆင့်နှင့် အမိုးဂုံးလျှော ပစ္စယံဆင့်များတွင် ဇာတ်တော်အမှတ်(၁) အပဏ္ဏကဇာတ်တော်မှ ဇာတ်တော်အမှတ်(၅၃၇) မဟာသုတသောမဇာတ်အထိ တစ်ဇာတ်လျှင် တစ်ကွက်ကျဖြင့် စဉ့်ချပ်ရုပ်ကြွပေါင်း (၅၃၇)ချပ်
  • အထက်ပစ္စယံအဆင့်များတွင် တေမိဇာတ်တော်မှ ဝေဿန္တရာဇာတ်တော်အထိ ဇာတ်ကြီး (၁၀)ဘွဲ့အား စဉ့်ချပ်ရေ (၃၈၉)ချပ်ဖြင့် သရုပ်ဖော်ပူဇော်ထားသည်။

ဘုရားကြီး၏ မူလစဉ့်ချပ်ရုပ်ကြွ စုစုပေါင်းမှာ (၁၄၇၈)ချပ်ရှိပြီး မျက်မှောက်ကာလတွင် ပျက်စီးမှု (၆)ချပ်ရှိသဖြင့် လက်ရှိစဉ့်ချပ်အရေအတွက်မှာ (၁၄၇၂)ချပ်ကျန်ရှိပါသည်။

« of 2 »